Popular Posts!

LEVIS JEAN SHOP!

Monday, October 23, 2017

apanese boy 4 attempted jump failed watch what his teammates do to make him succeed

Japanese child fails to jump the barrier four times .Look at the reaction of his class mates. The CULTURE of a country is built and developed in Class Rooms.

...

ဂျပန် ကျောင်းသားလေး အမြင့်ခုန် ခုန်တာ လေးခါတိတိ မအောင်မြင်ဘူး... တခါခုန်တိုင်း သူ့သူငယ်ချင်းတွေက အားရပါးရ အားပေးလိုက်ကြတာ... ခုန်တာ မကျော်သွားတဲ့ အခါ အားပေးသံတွေက စိတ်မကောင်းကြီးစွာနဲ့ တိကနဲ ရပ်သွားတယ်... တကယ် စိတ်လိုလက်ရ သူ့သူငယ်ချင်းကို အားပေးနေကြတာဗျ.... အော်ခိုင်းလို့အော်တာမဟုတ်ဘူး....
သုံးခါလောက် မှာ ခုန်နေတဲ့ကလေးဟာ ကျလာတဲ့ မျက်ရည်တွေ ကို လက်မောင်း နဲ့သုံး လေးခါ သုတ်လိုက်တာမြင်လိုက်တယ်...ဒါပေမဲ့မလျော့ဘူး...
သူ့ သူငယ်ချင်းတွေက ကျောင်းသားလေး ကို စိတ်ဓါတ်တက်ကြွလာအောင် အကုန်လုံးဆင်းလာပြီး ဝိုင်းအားပေးကြ၊ ဦးညွှတ်ကြ... ဂုဏ်ပြုကြ နဲ့ ...
"သူငယ်ချင်း မင်း လုပ်နိုင်တာ ငါတို့ယုံကြည်တယ်... ကြိုးစားစမ်းပါ" လို့ပြောနေတာ နေမှာပေါ့....
အားပေးမှုတွေကြောင့် စိတ်တက်ကြွလာတဲ့ ကလေးလေးဟာ ငါးခါ မြောက်မှာ လွတ်လွတ်ကျွတ်ကျွတ် ခုန်နိုင်သွားတယ်... လက်ခုပ်သံတွေ မစဲတော့ဘူး...
သူအောင်မြင်မှုကြောင့် ကိုယ် တောင် အတိုင်းမသိ ပျော်သွားရတယ်... ဘယ်လောက်ဝမ်းသာစရာကောင်းလဲ? ဒီမှုန်ဝါးဝါး ဗွီဒီယိုထဲမှာ ဂရုဏာတွေ၊ မုဒိတာတွေ၊ သတ္တိဗျတ္တိ တွေ၊ ဝီရိယ တွေ၊ စည်းကမ်း နဲ့ စည်းလုံးခြင်း တွေ နဲ့ ဂျပန် ဘာလို့ချမ်းသာသလဲ ဆိုတာ အကုန်မြင်လိုက်ရတယ်....
ဒီကျောင်းသားလေးသာ မြန်မာပြည်က ကျောင်းသားလေး ဖြစ်ခဲ့ရင် ဒီပြိုင်ပွဲသာ မြန်မာပြည် က ကျောင်းတကျောင်းမှာ ဆိုရင်????? ......
ဝိုင်းလှောင်ပြောင်ကြ၊ ဟားတိုက်ကြတဲ့ သူ့ သူငယ်ချင်းတွေကြား ..... နှစ်ခါလောက်ခုန်ပြီး အရှုံးပေးသွားမှာလား??????
ကျွန်တော်တို့လူ့အဖွဲ့အစည်းကြီးဟာ ပြင်စရာတွေအများကြီးနဲ့....
လူမှုရေးလုပ်ရင်လည်း ဝိုင်းချမဲ့လူ က အယင် ပို့စ် တင်တဲ့ နိုင်ငံကြီး...
ကျွန်တော် ဒီ ဗွီဒီယို ကို အားကျကျ နဲ့ကြည့်နေတာ အခါ တရာကျော်ပေါ့....
သူများနိုင်ငံတွေမှာ စိတ်ဓါတ်ဆိုတာ ပညာ နဲ့ အတူတူ တွဲပြီး ငယ်ငယ်က တည်းက မွေး မြူကြတာပါလား.... ...ကျွန်တော်တို့ကော??????

Kyaw Swa Min

No comments:

My Blog List